ချောင်းဆုံ မေ ၁၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေး ပစ္စည်းများ အသင့်စုဖွဲ့ထားရှိလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့သည်။
မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီး ဌာနမှူးရုံး/စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၄၀)ဦးနှင့် ရှာဖွေ ကယ်ဆယ်ရေးကိရိယာများ၊ တစ်ပတ်စာရိက္ခာများ၊ အသင့်စုဖွဲ့ထားရှိကြောင်းနှင့် မြို့နယ်အတွင်း ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် ကူညီဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံထားရှိကြောင်း သိရသည်။
(မြို့နယ်)ပြန်/ဆက်