လယ်ဝေး မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ယမန်နေ့နံနက် ၁၁ နာရီက သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာနတို့ ပါဝင်သည့်အဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ကာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်အခြေအနေ၊ မုန်တိုင်းတည်နေရာနှင့် ဗဟိုချက်၊ မုန်တိုင်းလေဖိအားနှင့် လေတိုက်နှုန်း၊ သတိပေးနှိုးဆော်ချက်များအား ပြည်သူများသိရှိနိုင်စေရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)