လောက်ကိုင် မေ ၁၂
ရှမ်ပြည်နယ် ( မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်မြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့၌ အသိပညာပေး မြေစိုက်နံရံကပ် ပြဘုတ် ပြသခြင်းကို ယမန်နေ့က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေဆိုက်ဘုတ်တွင် မုန်တိုင်းအန္တရာယ်ဖြစ်ပေါ် လာနိုင်သည့်အတွက် ဆောင်ရန် ရှောင်ရန်နှင့် ကြိုတင် ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်း ကျရောက်ဆဲ/ကျရောက်ပြီး ချိန်များတွင် လုပ်ဆောင်ရမည့် အချက်များ၊ မုန်တိုင်းအန္တရာယ်ကို ပြည်သူများ ကြိုတင် သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်စေရန်၊ မိုးလေဝသ သတင်းများ၊ မုန်တိုင်းသတိပေးချက်များ စသည့်တို့ပါရှိကြောင်း သိရသည်။
ညိုညိုဝင်း ( လောက်ကိုင်)