တောင်ဥက္ကလာပမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်

တောင်ဥက္ကလာပ  မေ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ယမန်နေ့ နံနက်(၁၁) နာရီအချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်‌ ဆောင်ရွက်ခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝင်းထက်ထက်အောင်တို့က သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် မုန်တိုင်းတိုက်ခတ်သည့်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းသတင်းကြေငြာချက်ကို ကြားသိပါက ကြိုတင်ဆောင်ရွက်ရန်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့်သတိပေးစနစ်များအကြောင်း၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များကို ပြည်သူများသိရှိစေရန် ဘေးအန္တရာယ်မကျရောက်စေရန်အတွက် အသိပညာ‌ပေး ဆွေးနွေးခဲ့ကြောင်းသိ ရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  အများပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာဗဟုသုတ သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။                           

ခင်ဆွေနှင်း(ပြန်/ ဆက်)