မူဆယ်မြို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာဆိုင်းဘုတ်များ စိုက်ထူ

မူဆယ် မေ ၁၂

၂၀၂၃-၂၄ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးသူငယ်များနှင့် ကျောင်းသား/သူများ၊ ကျောင်းသား/သူမိဘများ ကျောင်းအပ်နှံရေသီတင်းပတ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အလို့ငှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာဆိုင်းဘုတ်များကို မတ်လ ၁၀ ရက်နေ့ နံနက်(၁၀:၀၀)အချိန်က စိုက်ထူဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပိုစတာတွင် ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် အစိုးရအခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆောင်ပုဒ်ဖြင့် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူခဲ့ကြပါသည်။ ထိုသို့ ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပိုစတာများ စိုက်ထူပေးထားခြင်းဖြင့် မိဘပြည်သူများက မိမိတို့ရင်သွေးသားငယ်၊ သမီးငယ်လေးများ ပညာတက်မြောက်ရေးနှင့် အသက်အရွယ်နှင့်တပြေးညီ ပညာသင်ကြားနိုင်စေရန် ကျောင်းအပ်နှံရက်ကို အချိန်မှီသိရှိနိုင်ပြီး မိမိတို့၏သား/သမီးပညာရေး တိုးတက်မြင့်မားရေးအတွက် ကျောင်းအပ်လက်ခံရက်ကို အချိန်မှီကျောင်းအပ်နှံနိုင်မည်ဖြစ်ပါသည်။ ထိုသို့ကျောင်းအပ်နှံ‌ရေးမြေ စိုက်ပိုစတာများစိုက်ထူဆောင်ရွက်ရာတွင် မူဆယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း၊ မူဆယ်မြို့နယ်ပညာရေးမှူး ဦးအယ်လ်ဇော်ရှန်လွမ်နှင့်တကွ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာများနှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိကြသူများက မြေစိုက်ပိုစတာဆိုင်းဘုတ်ကို လမ်းသွားလမ်းလာမိဘပြည်သူများ၊ ကျောင်းသား/သူများနှင့် ကျောင်းသား/သူမိဘများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ပူပေါင်းစိုက်ထူဆောင်ရွက်ခဲ့ကာ အမွှေးနံသာရေများ ပက်ဖြန်းစိုက်ထူခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၄ ပညာသင်နှစ်၊ အခြေခံပညာရေးကျောင်းများကို ကျောင်းအပ်နှံရက်အား မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်အထိ (၉)ရက်တိတိသတ်မှတ်ထားပြီး မြေစိုက်ပိုစတာဆိုင်းဘုတ်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရှိရပါသည်။

ဆက်ပိုင်(ပြန်/ဆက်)