နတ်မောက် မေ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျနေမှုများ ဖြစ်ပွားခဲ့ရာ လမ်းများပိတ်ဆို့မှု မရှိစေရေး တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ခဲ့သည်။
အဆိုပါရှင်းလင်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လမ်းများပိတ်ဆို့နေမှုကို အချိန်မီဖယ်ရှား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
လှဝင်း