ပန်ဆိုင်း မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Book Club)အသင်းဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (Community Centre)ခန်းမတွင် စာရေးဆရာ ကျော်ဝင်း ရေးသားသည့် “နှစ်ဆယ်တစ်ရာစု သားရွှေဥ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ဒေါ်ဇင်မာဖြိုး(ဒုတိယဦးစီးမှူး )မှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ပေးရခြင်းအပေါ် ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး Book Club အသင်းဝင် မောင်ထက်ဝေယံမှ အခန်း(၃)ပါ “မှန်ထဲကလူနှင့် စကားပြောခြင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခြင်း ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ဒေါ်ဆွေဇင်ဖြိုးမှ အခန်း(၁၂)ပါ “မျှော်လင့်ချက်တွေရှင်သန်စေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အသင်းဝင်များမှလည်း “နှစ်ဆယ်တစ်ရာစု သားရွှေဥ” စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပေးခဲ့ကြပြီးနောက် တက်ရောက်ကြသည့် အသင်းဝင်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့အမြင်များဖြင့် အကြံပြုဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ပန်ဆိုင်း (ပြန်/ဆက်)