ဂန့်ဂေါမြို့နယ်တွင် လေဘေးကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဂန့်ဂေါ မေ ၁၅

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် အန္တရာယ်ကျရောက်နိုင်သဖြင့် လေဘေးကင်းဝေးရာ နေရာသို့ ပြောင်းရွှေ့ကြရသည့် ဂန့်ဂေါမြို့ရှိ အိမ်ထောင်စုများထံသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထိုသို့ထောက်ပံ့ရာတွင် စည်ပင်သာယာရပ်ကွက်ရှိ အိမ်ထောင်စု (၁၂)စုနှင့် မြို့မရပ်ကွက် တို့တွင် အိမ်ထောင်စု (၁၄)စုတို့ကို ထောက်ပံ့ခြင်းဖြစ်ပြီး စည်ပင်သာယာရပ်ကွက် ဇမ္ဗူ့ထိပ်ခေါင်မြတ်စွာဘုရားတန်ဆောင်းတွင်လည်းကောင်း၊ မြို့မရပ်ကွက်ရှိ မြို့မအရှေ့ကျောင်းစာသင်တိုက်တွင်လည်းကောင်း ထောက်ပံ့ခြင်းဖြစ်သည်။

ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုဝင်း၊ ဂန့်ဂေါခရိုင်  ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးရှိုင်းသူတို့ တက်ရောက်ထောက်ပံ့ခြင်း ဖြစ်ကြောင်းနှင့် အိမ်ထောင်စုပေါင်း ၂၆ စုရှိ (၇၁)ဦးထံသို့ ဆန် ၆ အိတ်၊ ဆီ ၄ ပိဿာနှင့် ရေသန့်ဗူးကြီး ၁၀ ဗူးတို့ကို ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)