ကျိုင်းတုံ မေ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာအထက်တန်းဆင့် Grade-12 (သင်ရိုးသစ်) ပြည်နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့တွင် ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းအတွက် ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ကျိုင်းတုံမြို့မှ ညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုတို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ အခြေခံပညာအထက်တန်းဆင့် Grade-12 (သင်ရိုးသစ်) ပြည်နယ်အဆင့် သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်များရှိ အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ၊ ဆရာမ ၄၂၅ ဦး တက်ရောက်ပြီး မေလ ၁၅ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)