တာမိုးညဲမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်ဘုတ် ပြသ

တာမိုးညဲ မေ

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ မိုးကြိုကာလတွင်ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိကြစေရန် ရည်ရွယ်၍ ယမန်‌နေ့ နံနက်(၁၁:၀၀)နာရီအချိန်က သဘာဝဘေးအန္တရာယ်အသိပညာပေး အကြောင်းအရာများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်း နံရံကပ်ပြဘုတ်များတွင် ပြည်သူများအား အသိပညာပေး ပြသခဲ့သည်။                  

အဆိုပါ နံရံကပ်ပြဘုတ်တွင် မုန်တိုင်းဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်း ကျရောက်ဆဲ၊ ကျရောက်ပြီးအချိန်များတွင် လုပ်ဆောင်ရမည့် အချက်များ၊ မုန်တိုင်းအန္တရာယ်အား ကြိုတင်သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်စေရန် ပြည်သူများအနေဖြင့် သဘောပေါက်လွယ်စေသည့် အရောင်ဖြင့် သတိပေးစနစ်များပါရှိသည့် အချက်များကို ပြသထားသဖြင့် မိဘပြည်သူ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

 ခေါန်မိုင်(တာမိုးညဲ)