ပင်လုံ မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ ပင်လုံတက္ကသိုလ်၌၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade 9/ Grade 12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား မြွက်ကြားခဲ့ပါသည်။ ဆက်လက်၍ လွိုင်လင်ခရိုင် ပညာရေးမှူး ဒေါက်တာ မြင့်မြင့်အေးက အမှာစကားပြောကြားခဲ့ပြီး ပင်လုံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီလာမြင့်က အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ မြို့အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပါသည်။ သင်တန်းဖွင့်လှစ်မည့်ကာလမှာ (၁၅.၅.၂၀၂၃)မှ (၂၄.၅.၂၀၂၃)ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ(၂၉)ဦးနှင့် အခြေခံပညာကျောင်းများမှ သင်တန်းတက်ရောက်မည့် ဆရာ/ဆရာမ ပေါင်း(၅၁၉)ဦးရှိကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)