မိုင်းစံမြို့လူထုအခြေပြု (Community Centre) ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မိုင်းစံ မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်ခန့်က  မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊

Talk  Show  ဆွေးနွေးရာတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ကေသွယ်စိုးနှင့် ရုပ်သံကျွမ်းကျင် -၃  ဦးစိုင်းလှိုင်း တို့က အပူဒဏ်ကြောင့်ဖြစ်တတ်သော ရောဂါများ၊ အပူရှုပ်ခြင်း၊ သွေးပေါင်ကျခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အပူရှိန်မြင့်တတ်ခြင်း၊ ရှောင်ကြဥ်ရမည့်အချက်များ၊နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဥ်ရန်၊ ကုသမှုအလျှင်အမြန် မရရှိသောနေရာသို့ ရောက်နေပါက ရှေးဦးသူနာပြုစု ပေးနိုင်ရန် လိုအပ်သည့်အချက်များစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်၊၊

အဆိုပါ  Talk  Show  ပွဲအစီအစဥ် အပြည့်အစုံကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် We  love  Mong San  Page တွင်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

မိုင်းစံ (ပြန်/ဆက်)