ပန်းတောင်း မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒန့်ဒလွန်ကျေးရွာအုပ်စု၊ ဒန့်ဒလွန်ကျေးရွာ၊ ညောင်ဖြူကျေးရွာနှင့် ကျီးပင်ကန်ကျေးရွာတို့၌ လေဘေးသင့်ပြည်သူများအား ယမန်နေ့ နေ့လယ် (၁:၃၀)အချိန်က အလှူငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့အလှူငွေများထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်နှင့်ဝန်ထမ်းများအဖွဲ့သည် ဒန့်ဒလွန်ကျေးရွာအုပ်စု အတွင်းလေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ခြေ(၁၀)လုံးအတွက်အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ်(၄၃၀၀၀၀/-)၊ အိမ်ထောင်စု (၁၀)စုမှ လေဘေးသင့်လူဦးရေ (၃၀)ဦးအတွက် ဆန်ရိက္ခာဖိုး ကျပ်(၆၃၀၀၀/-) စုစုပေါင်းထောက်ပံငွေ ကျပ်(၄၉၃၀၀၀/-) (ကျပ်လေးသိန်းကိုးသောင်းသုံးထောင်တိတိ)အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)