ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ လေပြင်းတိုက်၍ ပြိုကျပျက်စီးသွားသော နေအိမ်အား ယမန်နေ့မွန်းလွဲပိုင်းက ပြန်လည်ပြင်ဆင်ဆောက်လုပ်နေမှုအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ယနေ့ မကျီးပင်ကွင်းအုပ်စု၊သရက်တောကျေးရွာမှ ဦးစိုးကြီး၏နေအိမ်အား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ ကယ်ဆယ် ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်တို့ကွင်းဆင်းကြီးကြပ်လျှက်ကယ်ဆယ် ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)