ကံမမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြောင့် လေဘေးရှောင် ပြည်သူများအား ဆန်နှင့်ရိက္ခာများ ထောက်ပံ့ပေးအပ်

ကံမ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းမှ မုန်တိုင်းအန္တရာယ်ကြောင့် လေဘေးရှောင်ပြည်သူများအား တပ်နယ်(သရက်)မှထောက်ပံ့သည့် ဆန် ၊ ဆီ၊ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး  အစရှိသည့် ရိက္ခာပစ္စည်းများကို ယနံနက်(၁၀)နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲလင်းထွန်း၊ အတွင်းရေးမှူး  ရဲမှူးခင်ဝင်းဇော်တို့သည် ယာယီခိုလှုံရေး စခန်းများသို့ သွားရောက်၍     ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကံမမြို့၊ အမှတ် (၃)ရပ်ကွက်၊ အ.မ.က(မဒေးဝ)  ယာယီခိုလှုံရေး စခန်းတွင် ရောက်ရှိနေသော အိမ်ထောင်စု ( ၁၀ )စုတို့မှလူဦးရေ ( ၃၅ )ဦး၊ အမှတ်(၂)ရပ်ကွက်၊ တောင်ပေါ် ဘုန်းတော်ကြီးကျောင်း ယာယီခိုလှုံရေးစခန်းတွင် ရောက်ရှိနေသော အိမ်ထောင်စု (၂၂) စုတို့မှ လူဦးရေ(၇၉) ဦး၊    ကုန်းသောင်ကျေးရွာအုပ်စု  အ.မ.က-မူလွန် (ကုန်းသောင်) ယာယီခိုလှုံရေးစခန်းတွင် ရောက်ရှိနေသော ရေလယ်မြောက် ကျေးရွာနေအိမ်ထောင်စု (၆)စု တို့မှ လူဦးရေ (၃၀)ဦး၊ ရေလယ်တောင်ကျေးရွာနေ အိမ်ထောင်စု (၈)စုတို့မှ လူဦးရေ (၂၈)ဦး၊ စစ္စရံကျေးရွာ၊   အ.ထ.က-ခွဲ(စစ္စရံ) ယာယီခိုလှုံရေးစခန်းတွင်ရောက်ရှိနေသော အိမ်ထောင်စု ( ၁၀) စုတို့မှ    လူဦးရေ (၃၀)ဦး စုစုပေါင်း ရွှေ့ပြောင်းအိမ်ထောင်စု(၅၆)စုတို့မှ ပြည်သူ(၂၀၂)ဦးတို့ အတွက် တပ်နယ်( သရက်)မှ လေဘေးရှောင်ပြည်သူများအား ထောက်ပံ့သည့် ဆန် ( ၁၀ ) အိတ်၊ ဆီ (၁၀) ပိဿာ၊ ရေသန့်(၃၀)ကတ်၊ ခေါက်ဆွဲခြောက် (၉၀၀) ထုပ် အစရှိသည့် စုစုပေါင်း တန်ဖိုးငွေ ( ၈၆၀၀၀၀)ကျပ်တန်ဖိုးရှိ ဆန်နှင့် ရိက္ခာပစ္စည်းအား    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လေဘေးရှောင်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)