မုံရွာ မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမနေရာတွင် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု ရှိ/မရှိစစ်ဆေးပြီး ကာကွယ်ဆေး၏ အကျိုးအာနိသင်များအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေး ထိုးနှံပေးရခြင်းနှင့် ပတ်သက်၍ “ကမ္ဘာနိုင်ငံ(၃၁)နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအ၀င်ဒေသတွင်း နိုင်ငံ အချို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ ကိုဗစ်-၁၉ မျိုးဗီဇသစ် XBB. 1.16 (Arcturus) ကူစက်မှုတွေ့ရှိမှုမြင့်တက်လာကြောင်း၊ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ရောဂါကာကွယ်မှုအတွက် ထိရောက်မှုရှိပြီး နှစ်ကြိမ်ပြည့်အပြင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ပြန့်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့်သေဆုံးမှုကို လျော့ချနိုင်သည့်အတွက် ယခုလိုကွင်းဆင်းပြီး ကာကွယ်ဆေး ထိုးနှံပေးရခြင်း ဖြစ်ပါကြောင်းနှင့် မုံရွာမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအား မေလကုန်အထိ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)