မဟာအောင်မြေ မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မေ(၁၅)ရက်နေ့က မန်းမြို့စျေးတောင်ဘက်ပေါက် ၈၄လမ်း၃၉လမ်းထောင့်ရှိ တမာပင် လုံးပတ်၃ပေခန့် အလျားပေ၄၀ခန့်အား လေပြင်းတိုက်ခိုက်၍ လူနေအိမ်အဆောက်ဦးပေါ်သို့လဲချကြောင်း သိရသည်။
အဆိုပါ သစ်ပင်ပြိုကျပျက်စီးမှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးတင့်မြင့်ဦးနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ကာ မဟာအောင်မြေမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူးဦးဆောင်၍သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦး အရန်တပ်ဖွဲ့ဝင်(၄၀)ဦး စုစုပေါင်းအင်အား (၅၀)ဦးတို့ဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အောင်ဇော်မင်း