မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်

အထက်မင်းလှ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ညနေ ၄ နာရီက လေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။      

အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ရုံးရပ်မြောက်ရပ်ကွက်မှ တစ်စိတ် တစ်ပိုင်းပျက်စီး လူနေအိမ်(၂)လုံး၊ ရုံးရပ်တောင်ရပ်ကွက်မှ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၁)လုံးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အိမ်‌ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ်(၁၆၀၀၀ဝိ/)တို့ကိုလည်းကောင်း၊ မြို့နယ် အမျိုးသမီး‌ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့တို့မှ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေကျပ် (၉၀၀၀၀ိ/-)အား ထောက်ပံ့ပေးခဲ့သည်။

မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)