စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

စဉ့်ကိုင် မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်   စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာပေဖတ်ရှုလိုသော်လည်း စာကြည့်တိုက်သို့ လာရောက်ဌားရမ်းနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာများ ပြည်သူများလက်ဝယ် အရောက်ငှားရမ်းပေးလျှက် ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃) တို့က ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့ စာဖတ်၊ စာငှားပရိတ်သတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ် တကူငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်လုပ်ငန်းဖြင့် လက်ဝယ်အရောက် ၀န်ဆောင်မှုပေးလျှက်ရှိရာ စာဖတ်ပရိတ်သတ်အကြိုက် စာအုပ် များအား တစ်ပတ်တစ်ကြိမ် လဲလှယ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

၀င်း၀င်းသန်း