ကြည့်မြင်တိုင်မြို့နယ်၌ သစ်ပင်သစ်ကိုင်းများ ကျိုးကျနေမှုအား ရှင်းလင်းဆောင်ရွက်

ကြည့်မြင်တိုင်     မေ    ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းငြိမ်းချမ်း​ရေးရပ်ကွက်၊ အနောက်ပိုင်း​ဆေးရုံဝန်းအတွင်းရှိ လုံးပတ် ၂ ပေ၊ အမြင့် ၃၅ ​ပေခန့်ရှိ သရက်ပင်မှ ဆေးရုံဝန်းအတွင်းရှိ လူ​နေအိမ်လိုင်းခန်း​ပေါ်သို့ လဲကျ​နေ​ကြောင်း သိရှိရ၍ ယ​နေ့နံနက် ၉ နာရီအချိန်က ရှင်းလင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ​နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုလတ်ဦး​ဆောင်​သော မီးသတ်တပ်ဖွဲ့ဝင်၊ မြို့နယ်ပန်းဥယျာဥ်ဌာနမှ ဝန်ထမ်းများက သွား​ရောက်ရှင်းလင်းခြင်းများ​ဆောင်ရွက်ခဲ့ပြီး သစ်ပင်လဲကျမှု​ကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိ​ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)