ကျွန်းလှ၌ လေပြင်းတိုက်ခတ်၍ လျှပ်စစ်မီးတိုင်များနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျပြိုလဲခြင်းဖြစ်ပွား

ကျွန်းလှ မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီက လေပြင်းတိုက်ခတ်၍ လျှပ်စစ်မီး တိုင်များနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျပြိုလဲခြင်းဖြစ်ပွားပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရ သည်။

အဆိုပါ လေပြင်းတိုက်ခတ်၍ ကျိုးကျပြိုလဲသွားသော သစ်ပင်သစ်ကိုင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ ကြီးကြပ်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ရှင်းလင်းကြပြီး လျှပ်စစ်မီးတိုင်များ ပြန်လည်စိုက်ထူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ