သတင်းများ

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် အခြေခံပညာကျောင်းများသို့ သွား‌ရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် အဖွဲ့ဝင်များသည် လေပြင်း တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ မြကျွန်းသာ ကျေးရွာ အ.လ.က(ခွဲ) ကျောင်း နှင့် ကိုးတွင်းကျေးရွာ အ.လ.က(ခွဲ) ကျောင်းဆောင်များ၏ အမိုးသွပ်များ လန်ထွက်ပြိုကျ ပျက်စီးမှုအား ပြန်လည်အစားထိုးသွပ်မိုးခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က အဆိုပါကျေးရွာ များသို့ သွားရောက်ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
May 17,2023
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းက ကဗျာဆရာမ လွန်းသီ(ခန္တီး)၏ ချစ်သော စာရာမေရိနှင့် ရင်တွင်းဖြစ်ကဗျာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲကျင်းပ
May 17,2023
၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်း သာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် တိုင်းဒေသကြီးအဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်လှစ်
May 17,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အခြေခံပညာအလယ်တန်းအဆင့်သင် Grade-9 (သင်ရိုးသစ်) ဆရာ/မများ၏ ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးမြှင့်တင်ရန် ရည်ရွယ်ချက် ဖြင့် တိုင်းဒေသကြီး အဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းကို မေ (၁၇) ရက် နံနက်ပိုင်းက အထက (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
လွိုင်ကော်မြို့၌ ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၄/၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 17,2023
ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၄/၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်” ပြိုင်ပွဲများပြုလုပ်
May 17,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်” အဖြစ် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်လာစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 17,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ချောက်မြို့မဈေး၌‌ ဖြန့်ဝေပေးခဲ့‌‌ကြောင်း သိရသည်။