သတင်းများ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မိုင်းရယ်မြို့ရှိ ဒေသခံပြည်သူများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
May 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်သည်။
ပေါင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
May 17,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ဝန်ထမ်းများလုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန်  မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရေးသားသည့် ရုံးလုပ်ငန်းလက်စွဲ စာအုပ်ကို စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ဗိုလ်မှူးကြီး (စစ်ရေး) အောင်နိုင်ထူးမှ ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက်ပေးအပ်
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို လှိုင်းဘုန်း‌ကျေးရွာ၊ ချမ်းမြေ့ရတနာ ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့၌ ရှမ်းပြည်ဒေသထွက် လိုင်ချီးသီးများ စတင်ရောင်းချ
May 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့ရှိ အသီးအနှံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လူအများ နှစ်ခြိုက်စွာ စားသုံးလျက်ရှိသော ရှမ်းပြည်ဒေသထွက် ရာသီစာ လိုင်ချီးသီးများအား စတင် ရောင်းချလျက်ရှိသည်။
မင်္ဂလာဒုံမြို့နယ်ရှိ ပုလဲပြည်သူ့ဆေးရုံတွင် ပိတ်ရက်မရှိ ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ထိုးနှံပေး
May 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ၊ ပုလဲမြို့ ၂၅ကုတင် ပြည်သူ့ဆေးရုံတွင် နေ့စဉ် မွန်းလွဲ ၂နာရီ မှစ၍ ခွေးရူးရောဂါကာကွယ်ဆေးကို ပိတ်ရက်မရှိ(အခမဲ့) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်း၍ Mask Campaign ဆောင်ရွက်
May 17,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိပြုလုပ်မည့် ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ ဉပဓိရုပ်ကောင်းမွန် လှပစေရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၆ နာခွဲက ပြုလုပ်သည်။