ပေါက်ခေါင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းသဖြင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ထောက်ပံ့ပေးရန်ကျန်ရှိနေသည့် လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းမှတာဝန်ရှိသူများက ယနေ့နေ့လယ်ပိုင်းက လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။