ကျောင်းကုန်း မေ ၁၇
၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက သစ်စိမ်းမြေဩဇာများသည် ပဲမျိုးနွယ်ဝင် အပင်များဖြစ်ပြီး သစ်ဆွေးဓာတ်ပျမ်းမျှ ၆၅% ခန့် ပါဝင်၍ ဆွေးမြေ့မှုမြန်ကာမြေတွင် အဓိက နိုက်ထရိုဂျင် ဓာတ်နှင့် သစ်ဆွေးဓာတ်များ ရရှိစေကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးက ပိုက်ဆံလျှော် သုံးစွဲခြင်းဖြင့် ကမ္ဘာမြေအတွက် အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ကြောင်း၊ ပိုက်ဆံလျှော်မှ သစ်စိမ်းမြေဩဇာအဖြစ် ရရှိ လာသော အာဟာရတန်ဖိုးမှာလည်း နိုက်ထရိုငျင် ၂.၆၆%၊ ဖော့စ်ဖရပ် ၀.၄၀%၊ ပိုတက်ရှ် ၁.၉၁%၊ သစ်ဆွေးဓာတ် ၅၆% ရရှိစေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)