လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် အခြေခံပညာကျောင်းများသို့ သွား‌ရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမာ မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် အဖွဲ့ဝင်များသည် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊  မြကျွန်းသာ ကျေးရွာ အ..က(ခွဲ) ကျောင်း နှင့် ကိုးတွင်းကျေးရွာ အ..က(ခွဲ) ကျောင်းဆောင်များ၏ အမိုးသွပ်များ လန်ထွက်ပြိုကျ ပျက်စီးမှုအား ပြန်လည်အစားထိုးသွပ်မိုးခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းကို ယနေ့ နံနက် (၁)နာရီအချိန်က အဆိုပါကျေးရွာ များသို့ သွားရောက်ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးသွပ်များလန် ပျက်စီးသွားသော ကျောင်းအဆောက်အဦးများ ပြန်လည်ပြုပြုင် ရာသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် တပ်မတော်သားများ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်‌‌မောင်လေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ငွေမင်းထိုက်နှင့် အဖွဲ့ဝင်များ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများသည် မြကျွန်းသာကျေးရွာရှိ အ..က(ခွဲ) စာသင်ကျောင်းဆောင်အမိုးသွပ်များ ပျက်စီးလန်ထွက်မှုအား ကြည့်ရှု၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ပြီး ဗိုလ်မှူးချုပ် ကျော်စိုးလွင်က အမိုးသွပ် (၃၀)ချပ်နှင့် သွပ်ရိုက်သံများ လှူဒါန်းပြီးနောက် ကိုးတွင်းကျေးရွာ အ..က(ခွဲ)ကျောင်း အတွက် အမိုးသွပ်(၅၀)ချပ်နှင့် သွပ်ရိုက်သံများ အသီးသီးလှူဒါန်းခဲ့ပြီး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ အမိုးများ ပြန်လည်မိုးပေးခြင်း၊ ကျောင်းပစ္စည်းများ‌ ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

အမာ(ပြန်/ဆက်)