ချောက် မေ ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ချောက်မြို့မဈေး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ချောက် မြို့မဈေးရှိ ဈေးသည်များနှင့်ဈေး ဝယ်သူများအား ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်တွင် ကာဗွန်ထုတ်လုပ်မှုလျော့နည်းစေရန် “နေအိမ်” တွင် ရိုးရှင်းစွာ လိုက်နာကျင့်သုံးနိုင်မည့် နည်းလမ်း(၁၀)ခု၊ ကာဗွန်ထွက်ရှိမှု လျှော့ချရန်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ငန်းခွင်အတွင်း လိုက်နာကျင့်သုံးနိုင်သည့် အချက်(၁၀)ချက်တို့ပါရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)