လပွတ္တာ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကားပြောကြား ရာတွင် မုန်တိုင်းပြီးကာလ ကော်မတီအလိုက် ဆောင်ရွက်ချက်များကို ပြန်လည်သိမ်းဆည်းထားရေး၊ ပျက်စီးသွားသော စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရေး၊ ကျောင်းများ သန့်ရှင်းရေးဆောင်ရွက်ထားရေး၊ ကျောင်းနေကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ တစ်ဧကစပါးတင်းထွက်တိုးရေး မျိုးပြောင်း လဲ စိုက်ပျိုးရေး၊ စိုက်ဘဏ်ချေးငွေကိစ္စရပ်များ ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို သတိရှိစွာ ဆောင်ရွက်ရေး စသည့်တို့ကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီးရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)