သတင်းများ

ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသိပညာပေး (Talk Show) ပြုလုပ်
May 17,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် လူငယ်နှင့်စာဖတ်ခြင်းအကျိုးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 17,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သိရီပညာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ကန့်ဘလူ၌ သရက်နှင့် နဂါးမောက်သီးနှံ GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကျင်းပ
May 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သရက်နှင့် နဂါးမောက်သီးနှံ စိုက်ပျိုးသူတောင်သူများအား GAP အသိ အမှတ်ပြုလက်မှတ် ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့မှ သရက်၊ နဂါးမောက် စိုက်ပျိုးသူတောင်သူများ တက်ရောက်ကြသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များနှင့်အတူ စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
May 17,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာညီညီနိုင် ရေးသားသည့် “ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့၌ ကမ္ဘာ့သွေးတိုးရောဂါနေ့ World Hypertension Day အခမ်းအနားကျင်းပ
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကမ္ဘာ့သွေးတိုးရောဂါနေ့ World Hypertension Day အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ မင်္ဂလာကန် သဲနုန်းများ တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
May 17,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မင်္ဂလာကန် သဲနုန်းများ တူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်‌တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ကန်အတွင်းရှိ သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ၊ U-18 ပြေးခုန်ပစ်ပြိုင်ပွဲ နှင့် U-18 အမျိုးသားဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒခံယူပွဲကျင်းပ
May 17,2023
၂ဝ၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ၊ U-18 ပြေးခုန်ပစ်ပြိုင်ပွဲ နှင့် U-18 အမျိုးသားဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်သြဝါဒ ခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဘိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေပေးအပ်
May 17,2023
ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ပြည်သူများအား လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဆန်ရိက္ခာဘိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။