ကျောင်းကုန်းမြို့၌ ကမ္ဘာ့သွေးတိုးရောဂါနေ့ World Hypertension Day အခမ်းအနားကျင်းပ

ကျောင်းကုန်း မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကမ္ဘာ့သွေးတိုးရောဂါနေ့ World  Hypertension  Day အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ သည်။

ယခု ၂၀၂၃ ခုနှစ် ဆောင်ပုဒ်မှာ "Measure your Blood Pressure, Control it, Live Longer" သင့်သွေးပေါင်ကို စစ်ဆေးပါ၊ ကုသမှုကို ခံယူပါ၊ အသက်ရှည်စွာ နေထိုင်ပါဟု တိုက်တွန်း နှိုးဆော်ထားပြီး သွေးတိုးရောဂါ ကာကွယ်ရန် သွေးပေါင်မှန်မှန်ချိန်ပါ၊ ဆားနှင့်အငန်လျှော့စားပါ၊ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်၊ အလွန်မဝအောင် အဆီအဆိမ့် နှင့် အချို လျှော့စားပါ၊ ဆေးလိပ်ကို လုံးဝမသောက်ပါနှင့် သင့်တော်သည့် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ ဟု ကျန်းမာရေး ဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်() ဦးတင်မောင်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်၊ မိခင်နှင့်ကလေး ကျန်းမာရေးဆရာမများ၊ သွေးတိုး/ဆီးချိုစစ်ဆေးသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)