သတင်းများ

အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ
May 18,2023
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။
မင်းလှမြို့နယ်တွင် မိုးနေကြာလျာထားချက် ပြည့်မီစွာစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 18,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ မိုးနေကြာလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒလမြို့နယ်၌စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်းကျင်းပ
May 18,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့် လူကြီးတွေကစပြင်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
May 18,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီ အချိန်က မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင်၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနေကြာသီးထပ်၊ သီးညှပ်စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု
May 18,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနေကြာသီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၈ နာရီက ညောင်ဝိုင်းကျေးရွာနှင့် ဒေါင်းဘုတ်ကျေးရွာတို့ရှိ နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဘားအံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ Grade-9(သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဥပဒေချုပ်တက်ရောက်
May 18,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်Grade-9(သင်ရိုးသစ်)ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ဘားအံမြို့  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့၌ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဂိတ်ခန်း၊ ဆိုင်ခန်း၊ သီးနှံရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေး/ပစ္စည်းအရောင်းဆိုင်များနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲ ကျင်းပ
May 18,2023
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၃ နာရီအချိန်ခန့်က အဝေးပြေး ယာဉ်ရပ်နားစခန်း၊ ဂိတ်ခန်း၊ ဆိုင်ခန်း၊ သီးနှံရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေး/ပစ္စည်းအရောင်းဆိုင်များနှင့် ဆက်စပ်လုပ်ငန်းများတည်ဆောက်ခြင်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲကို စမ်းချောင်းရပ်ကွက် အ-ထ-က(၁)ကျောင်း ရွှေရတုခန်းမတွင်ပြုလုပ်ခဲ့ရာ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့ ရင့်ရှည်ရေလှောင်တမံရေဝင်ရောက်မှုအခြေအနေ လာရောက်ကြည့်ရှုစစ်ဆေး
May 18,2023
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ငဖဲမြို့နယ် ရင့်ရှည်ရေလှောင်တမံရှင်းလင်းဆောင်သို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။