ချမ်းမြသာစည် မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် လူငယ်နှင့်စာဖတ်ခြင်းအကျိုးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် စာဖတ်ခြင်းကြောင့် ရရှိလာသည့် အသိပညာဗဟုသုတများအကြောင်း၊ အပြုအမှု၊ အနေအထိုင် ပြောင်းလဲလာမှုများအကြောင်း၊ စာပေကရရှိသော အကျိုးကျေးဇူးများအကြောင်းစသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် စာရေးဆရာမောင်ယဉ်အေး (ပတ္တမြားမြေ) တို့က ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ (ချမ်းစည်)