သတင်းများ

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့)ကွန်ပျူတာသင်တန်း ဆက်လက်သင်ကြား
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း ကိုဧပြီလ ၂၂ ရက် နေ့ နံနက် ၈နာရီခွဲအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့က ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သီးနှံထုတ်ချေးငွေများ စတင်ထုတ်ချေး
May 18,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲတွင် ၂၀၂၃ ခုနှစ် မိုးရာသီ သီးနှံထုတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီ အချိန်မှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် "ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအ‌နေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုအဖြစ်ပလပ်စတစ်ညစ်ညမ်းမှုလျော့ချနိုင်ရေးအတွက် ရည်ရွယ်ကာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းအဖြေရှာပေးခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ဒိုက်ဦးမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကဝမြို့နယ်၌ ၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်
May 18,2023
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကဝမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပခဲ့သည်။
လောက်ကိုင်မြို့  လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ
May 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက  ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးစီမံကိန်း စိုက်ခင်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
May 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိသော နွေစပါးစီမံကိန်းစိုက်ခင်း(၃၂၆)ဧကအား ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ လေဘေးသင့်ပြည်သူများ တွေ့ဆုံပွဲကျင်းပ၊ လေဘေးသင့်ပြည်သူများနှင့် လေဘေးရှောင်ပြည်သူများ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
May 18,2023
အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ လေဘေးသင့် ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟားခါးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လေဘေးသင့်ပြည်သူများနှင့် လေဘေးရှောင်ပြည်သူများ တက်ရောက်ကြသည်။