သတင်းများ

ဇလွန်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို သာသနာ့ရောင်ခြည်ကျောင်းတိုက်၌ နှစ်ထပ်ယောဂီကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
May 19,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်၊ (၅)လမ်းရှိ သာသနာ့ရောင်ခြည် ကျောင်းတိုက်အတွင်း နှစ်ထပ် ယောဂီကျောင်းဆောင် ဆောက်လုပ်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မေ ၁၈ ရက်နေ့နံနက်ပိုင်းက သာသနာ့ရောင်ခြည် ကျောင်းတိုက်၊ ဓမ္မာရုံ၌ကျင်းပသည်။
ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဝင်များနှင့်  စာဖတ်ဝိုင်းကျင်းပ
May 19,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများနှင့် Youth Clubအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာကျော်ကျော်လှိုင်၏ “အောင်မြင်မှုသို့ခြေလှမ်း ၁၀၁ လှမ်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်း‌ လေဘေးသင့်အိမ်ထောင်စုဝင်များအား စားသောက်ဖွယ်ပစ္စည်းများထောက်ပံ့ပေးအပ်
May 19,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယနေ့‌နံနက်ပိုင်းက မြို့နယ်အတွင်းလေဘေးသင့် အိမ်ထောင်စုဝင်များအား စား‌သောက်ဖွယ်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပုသိမ်ခရိုင်ဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွများ စတင်ထုတ်ချေးပေးလျက်ရှိ
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုသိမ်ခရိုင်ဘဏ်ခွဲတွင် မေလ ၁၈ ရက်၊ နံနက် (၁၀)နာရီ အချိန်မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါငွေများ ထုတ်ချေးရာသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီးမန်နေဂျာ ဦးအေးသိန်းက ပုသိမ်ခရိုင်အတွင်းရှိ လက်ပန်ကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေများ ထုတ်ချေးပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ချေးငွေများအား ထုတ်ချေးပေးခဲ့သည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
May 19,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကချင်စုမူရင်းနှစ်ခြင်း အသင်းတော် ဗိမ္မာန်တော်သစ် အနုမောဒနာ ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်
May 19,2023
ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှ အားကစားနည်း (၁၂)နည်းအတွက် လူတွေ့စစ်ဆေးမှုများပြုလုပ်
May 19,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အားကစားနည်း(၁၂)နည်းအတွက် အပြီးသတ်လူရွေးချယ်နိုင်စေရန် ကျန်းမာရေးစစ်ဆေးချက်များအား မေလ(၁၅) ရက်နေ့မှ စတင်၍ စစ်ဆေးခဲ့ရာ‌ မေလ(၁၈)ရက်နေ့တွင် လူတွေ့စစ်ဆေးမှုများအား အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) သုံးထပ်ဆောင်တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။