သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် စိုက်ခင်းများ ထွန်ယက်စိုက်ပျိုးရေးအတွက် ခိုင်းနွားဈေး အရောင်းအဝယ်ဖြစ်ထွန်း
May 18,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးကြိုကာလ၌ တောင်သူတို့စိုက်ခင်းများ ထွန်ယက်စိုက်ပျိုးခြင်းနှင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခိုင်းနွားများ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့် သစ်ပင်၊ သစ်ကိုင်း များအားရှင်းလင်းဆောင် ရွက်
May 18,2023
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ လမ်းပိတ်ဆို့မှုများမဖြစ်စေရေးအတွက်  ယနေ့နံနက် ၈ နာရီအချိန်က ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၊လူသွားလူလာများသောနေရာများ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ သျှစ်သောင်းဘုရားအနီးမှ အလယ်ဈေးတံတားအထိ သစ်ပင်၊ သစ်ကိုင်းများ လမ်းပိတ်ဆို့မှု မရှိစေရေးအတွက် အမြန်ဆုံးပြန်လည်ထူ ထောင် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကျောက်တန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီမှစ၍ ကျောက်တန်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ
May 18,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဥ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်သူ တောင်သူဦးကြီးများ အနေဖြင့် စိုက်ပျိုးရေး ချေးငွေများကို အတိုးနှုန်းသက်သာစွာ ဖြင့် ရရှိနိုင်ရေး၊ အရင်းအနှီးများရရှိစေရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ချေးငွေများကို ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မယ်ဇယ်ပင်ကြီး လူနေအိမ်များပေါ်သို့ လဲကျမှုဖြစ်ပွားသဖြင့် ခုတ်ထွင်းရှင်းလင်းဆောင်ရွက်
May 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သီလင်ကျေးရွာတွင် မေလ (၁၇)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် မယ်ဇယ်ပင်ကြီး လူနေအိမ်များပေါ်သို့ လဲကျမှုဖြစ်ပွားသဖြင့် ယနေ့နံနက်(၈)နာရီအချိန်တွင် တာဝန်ရှိသူများက သွားရောက်ခုတ်ထွင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲကျင်းပ
May 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ကွင်းအမှတ် (၆၂၈)တောင်သူ ဉီးဌေးလွင်၏ လယ်မြေ၌ ယနေ့နံနက် (၉)နာရီက ပြုလုပ်ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း (၂၀၀၀၀.၀၀) ထုတ်ချေးပေးမည်
May 18,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။