ကဝ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကဝမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးမန်နေဂျာက ချေးငွေထုတ် ချေးပုံ အဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ကျေးရွာအုပ်စုများအား ချေးငွေအချိန်မီ ထုတ်ချေးနိုင်ရန်အတွက် ကြွေးကျန်များကို အချိန်မီပေးဆပ်ကြရန်နှင့် ချေးငွေများကို လယ်ယာလုပ်ငန်းတွင် အကျိုးရှိစွာအသုံးပြုရန် အလေးထားမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မန်နေဂျာ ဒေါ်အေးသိန်းက ချေးငွေစည်းကမ်းချက်များ၊ (ချေးငွေ)စနစ် များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မွေပွေးကုန်းကျေးရွာနှင့် နဘဲပင်ကျေးရွာ(၂)အုပ်စုမှ တောင်သူ(၁၉၀)ဦး၊ ဧက(၁၃၆၄)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၂၀၄၆၀၀၀၀၀/-)ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)