သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပလတ်စတစ်ပစ္စည်းများ အန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်
May 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ပလတ်စတစ်ပစ္စည်းများ အန္တရာယ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  ​
မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ မျိုးသန့်ပွား မြေပဲစိုက်ခင်း စတင်စိုက်ပျိုး
May 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆီထွက်သီးနှံ မိုးမြေပဲများကို လွိုင်ချိုကျေးရွာအုပ်စု၊ လွိုင်ယူးကာကျေးရွာရှိ တောင်သူ လုံးပုည၏ ယာမြေနေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးလျက်ရှိ
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ဖျာပုံပေါ်ဆန်းမွှေးစပါးကို အဓိကစိုက်ပျိုးလျက်ရှိသော ဒေသဖြစ်ရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန်အားလုံး ပြေကြေပြီး တောင်သူများအား ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၈ နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စတင်ထုတ်ချေးပေးလျက်ရှိ​ကြောင်း သိရသည်။
နတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်မြစည်းခုံစေတီရွှေထီးတော် တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲ ကျင်းပ
May 19,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဥပ္ပလ၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြစည်းခုံစေတီတော်ဂေါပကအဖွဲ့၏ ဦးဆောင်ကူညီဖြင့် မြို့မကွက်သစ်ရပ်ကွက်ရှိ မြစည်းခုံစေတီရွှေထီးတော်သစ်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘုရားရင်ပြင်တွင် ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် Mask Campaign ဆောင်ရွက်
May 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက် လျှက်ရှိရာ ပါးစပ်/နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခြင်း Mask Campaign ကို ယမန်နေ့ ညနေပိုင်းက အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ကြသည်။
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုးနှင့် ဆီးချိုလူနာများအား ဆေးဝါးကုပေး
May 19,2023
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်များကို သတ်မှတ်ရက်များအလိုက်  ကုသဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက သွေးတိုးနှင့် ဆီးချို လူနာများအား ကုသပေးခဲ့ကြောင်း သိရသည်။
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် (၁၂)နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၁၃:၀၀)နာရီက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။