လွိုင်ကော် မေ ၁၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်၊ ဓမ္မာရုံနှင့် သာသနာ့ဗိမာန်တော်ကြီး၌ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ နေမှုများအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး ထိုးနှံပြီးစီး သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်များကို ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ထိုးနှံပေးပြီး ကျန်းမာရေး စောင့်ရှောက်မှု များဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ပြည်နယ်(ပြန်/ ဆက်)