မိုးမိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သီးနှံထုတ်ချေးငွေများ စတင်ထုတ်ချေး

မိုးမိတ် မေ ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲတွင် ၂၀၂၃ ခုနှစ် မိုးရာသီ သီးနှံထုတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီ အချိန်မှစတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးရာတွင် ၂၀၂၃ ခုနှစ် မိုးသီးနှံထုတ်ချေးငွေ ထုတ်ချေးခြင်းကို ပထမအကြိမ်အဖြစ် မိုးဘုံကျေးရွာနှင့်မန်အုံကျေးရွာများမှ တောင်သူ(၁၂၆)ဦး၏ စိုက်ဧက (၅၆၈) ဧကအတွက် မိုးစပါးစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့်လည်ကောင်း၊ ယာသီးနှံအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းချေးယူငွေ (၈၈၁)သိန်းကျပ်ကို ထုတ်ချေးပေးခြင်းဖြစ်သည်ဟု မြို့နယ်မန်နေဂျာ ဒေါ်မီမီလွင်ထံမှ သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)