လောက်ကိုင်မြို့  လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

လောက်ကိုင် မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက  ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင် လောက်ကိုင်မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ Grade -6 ကျောင်းသူ မသင့်မြတ်ကြည်လင်မှ စာရေးဆရာမ လမင်းအိမ်ရေးသား သည့် ပန်းမျိုးတစ်ရာပုံပြင်များစာအုပ်မှ မြေခွေးနှင့်ဖျံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -6 ကျောင်းသူ မအိအိမှ မြစ်စောင့်နတ်နှင့်သစ်ခုတ်သမား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade -4 ကျောင်းသူ မယွန်းစံမှ ကျောင်းသုံး တတိယတန်းမြန်မာစာအုပ်မှ ပိုနေမြဲကျားနေမြဲ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြရာ ဝင်ရောက်ယဉ်ပြိုင်ကြသော ကျောင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လောက်ကိုင်ဒေသအဆင့် ရုံးအနေဖြင့် တိုင်းရင်းသား ပြည်သူများ အသိပညာဗဟုသုတ ရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပအစီအစဉ်များကိုလည်း ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညိုညိုဝင်း ( လောက်ကိုင်)