ဒိုက်ဦး မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုအဖြစ်ပလပ်စတစ်ညစ်ညမ်းမှုလျော့ချနိုင်ရေးအတွက် ရည်ရွယ်ကာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းအဖြေရှာပေးခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ဒိုက်ဦးမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး(Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးစိုးက အသိပညာပေး(Talk Show) ကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်သူများအတွက် အသိပညာဗဟုသုတများစွာရရှိပြီး ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းအဖြေရှာပေးခေါင်းစဥ်ဖြင့် သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းလတ်က ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဖြေကြားပေးခဲ့သည်။
ဒိုက်ဦးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေးခြင်းများကို အထူးအလေးထား၍ အပတ်စဥ်လစဥ်အသိပညာပေး(Talk Show)ပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းတို့ကို ပြည်သူဗဟိုပြုဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ကျင်းပပြုလုပ်သော ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး ဝိုင်းဝန်းပူးပေါင်းအဖြေရှာပေး (Talk Show)ကို ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Daik U facebook Page တွင် မှတ်တမ်းတင် ရိုက်ကူးတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)