စီးပွားရေးရာဝန်ကြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးသည့် အခမ်းအနား တက်ရောက်
May 19,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ မော်လမြိုင်ခရိုင်ဘဏ်ခွဲ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မော်လမြိုင်ခရိုင်ဘဏ်ခွဲ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘဏ်အတွင်းရေးမှူးများနှင့် တောင်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။