ဇလွန်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ဇလွန် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးခဲ့သည်။

၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု နှစ်အုပ်စုမှ စိုက်ပျိုးဧက (၄၁၆)ဧက၊ တောင်သူ (၆၀) ဦးအား တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့် ချေးငွေကျပ်သိန်း (၆၂၄) သိန်းအား မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများက တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ပြီး ချေးငွေ ထုတ်ချေးပေးမှုအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသိန်းထိုက်နှင့် တာဝန်ရှိသူများက ကြီးကြပ်စစ်ဆေးခဲ့သည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)