အုတ်တွင်း မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းလေဘေးသင့် အိမ်ထောင်စုဝင်များအား စားသောက်ဖွယ်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်က မြို့နယ်အတွင်းမှ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်၊ အကာပျက်စီးသွားသော လေဘေးသင့်အိမ်ထောင်စုဝင်များအား အစားအသောက်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောသည်။
ထို့နောက် မြို့နယ်အတွင်းရှိတင်းကုတ်တန်း၊ ဂုံမင်းဒါနှင့်ညောင်ခြေထောက်ကျေးရွာအုပ်စုများမှလေ ဘေးသင့်အိမ်ထောင်စု(၂၁)စုအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ အချိုရည်ဘူးများနှင့်ရေသန့်ဘူးများ တစ်အိမ်တက်ဆင်းလိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)