သတင်းများ

တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် Mask Campaign ဆောင်ရွက်
May 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက် လျှက်ရှိရာ ပါးစပ်/နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခြင်း Mask Campaign ကို ယမန်နေ့ ညနေပိုင်းက အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ကြသည်။
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုးနှင့် ဆီးချိုလူနာများအား ဆေးဝါးကုပေး
May 19,2023
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်များကို သတ်မှတ်ရက်များအလိုက်  ကုသဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက သွေးတိုးနှင့် ဆီးချို လူနာများအား ကုသပေးခဲ့ကြောင်း သိရသည်။
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် (၁၂)နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၁၃:၀၀)နာရီက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၌ ၂၀၂၃ ခုနှစ်အတွက် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
May 19,2023
နိုင်ငံတော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ၂၀၂၃-ခုနှစ် မိုးရာသီသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် သက်သာသော အတိုးနှုန်းထားဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင် ထုတ်ချေးပေးလျက်ရှိ
May 19,2023
ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကိုတစ်ဧကလျင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ ယနေ့စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၃ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေ စတင်ထုတ်ပေး
May 19,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ယမန်နေ့နံနက် ၁၀နာရီအချိန်က မိုးစပါးစိုက်ပျိုး သည့်​ တောင်သူများအားစိုက်ပျိုးစရိတ်​ ချေးငွေ များကို စတင်ထုတ်ချေးပေးကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
May 19,2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ အလှူရှင်များမှလှူဒါန်းသည့် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။