သတင်းများ

တွံတေးမြို့နယ် အခြေခံပညာကျောင်းပေါင်း(၂၁၉)တွင် မေ ၂၃ ရက်နေ့မှစတင်ပြီးကျောင်းအပ်လက်ခံပေးသွားမည်
May 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဌာနဝန်ထမ်းများက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာများသို့ မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့် ဆေးကုသခြင်းများဆောင်ရွက်
May 19,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာများသို့ မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့် ဆေးကုသခြင်းများဆောင်ရွက်ခြင်းကို မေလဆန်းမှစတင်၍ ယနေ့အထိမြစိမ်းရောင်ကျေးရွာများသို့ ကွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး(Talk Show) ပြုလုပ်
May 19,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အသိပညာပေး(Talk Show)ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက  ကျင်းပပြုလုပ်သည်။
တွံတေးမြို့နယ် လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအား ထောက်ပံ့ပေးအပ်
May 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော လေဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်(၇)ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ထောက်ပံပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့  ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် Talk Show ဆောင်ရွက်
May 19,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ
May 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၇)နာရီခွဲက အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ တိလောကမာရဇိန် မြတ်စွာဘုရားကြီး၏ သာသနာ့ ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့တွင် ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကျင်းပ
May 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မြင်းမူမြို့ နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ
May 19,2023
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။