တွံတေးမြို့နယ် လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအား ထောက်ပံ့ပေးအပ်

တွံတေး မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော လေဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်(၇)ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ထောက်ပံပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင်  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကံထူးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးဝင်းမြင့်တို့က တွံတေးမြို့နယ် လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအား ဆန်ရိက္ခာဖိုး (၇၅,၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၅၃၀,၀၀၀)ကျပ်၊ လူသုံးကုန်ပစ္စည်းများပါဝင်သည့်

ကယ်ဆယ်ရေးပုံး(၄)ပုံးတို့ ထောက်ပံ့ပေးအပ်ခဲ့ရာ လေဘေးအန္တရာယ်ကြောင့် နေအိမ်များပျက်စီးခဲ့ရသည့် ပြည်သူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

တွံတေးသား