တွံတေး မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဌာနဝန်ထမ်းများက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မေလ ၂၃ ရက် နေ့မှ ၃၁ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မေလ ၂၃ ရက်နေ့မှစတင်ပြီး ကျောင်းအပ်နှံရေးရက် သတ္တပတ်အဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းသားမိဘတွေက ကျောင်းနေအရွယ်ကလေးများကို ကျောင်းအပ်လက်ခံတဲ့ အချိန်စကာလမှာ ကျောင်းကိုအပ်နှံပေးရမှာဖြစ်ပြီး ကျောင်းဖွင့်ချိန်မှာလည်း ကျောင်းကို ရောက်အောင်ပို့ပေးရမှာဖြစ်ကြောင်း၊ ကျောင်းများအနေနဲ့လည်းကျောင်းမဖွင့်မီ သန့်ရှင်းရေးများ၊ ကျောင်းဖွင့်လှစ်ရေးစီမံချက်၊ စာရေးခုံထိုင်ခုံများ ပြည့်စုံအောင်ဆောင်ရွက်ခြင်း၊ သောက်ရေ သုံးရေရရှိအောင် ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက် ထားရှိပြီး ကျောင်းဖွင့်လှစ်တဲ့အခါ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနဲ့အညီ ပညာသင်ကြားနိုင်ဖို့အတွက် ကျန်းမာရေးသုံးပစ္စည်းများကိုလည်း ထားရှိပေးမှာဖြစ်ပြီး ကျောင်းဖွင့်ဖို့အတွက် ကျောင်းလုံခြုံရေးအနေဖြင့် ကျောင်းသားမိဘများနှင့် ပူးပေါင်းပြီးတော့ လုံခြုံရေး အထောက်အကူပြုကော်မတီ ဖွဲ့စည်းပြီး အလှည့်ကျ စောင့်ရှောက်ပေးမယ့် အစီအစဉ်လည်း ကျောင်းအသီးသီးမှာ ဆောင်ရွက်ထားရှိပါတယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက် သွားမှာဖြစ်ပါတယ်။
ကျောင်းတွေအားလုံးကိုလည်း ပညာရေးကို အခမဲ့ပညာရေးစနစ်ဖြင့် သွားနေပါတယ်၊ ကျောင်းသားမိဘများကို အဓိကမှာချင်တာကတော့ ကျောင်းဖွင့်တဲ့အခါ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးကိုလည်းအတွင်း စည်းအပြင်စည်းအနေနဲ့ စီမံဆောင်ရွက်ထားကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ထို့ပြင် ကျောင်းအပ်နှံရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း(Mask)တို့ကို အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်းနှင့်ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို KG၊ (၆)နှစ် အရွယ် ကလေးများကို Grade-1 အပ်နှံရမှာဖြစ်ပြီး Grad-1မှ Grade-12ထိ သင်ရိုးသစ် သင်ကြားပို့
ချသွားမည်ဖြစ်ကြောင်းသိရသည်။
တွံတေးသား