ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာများသို့ မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့် ဆေးကုသခြင်းများဆောင်ရွက်

ပေါင်       မေ       ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာများသို့ မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့် ဆေးကုသခြင်းများဆောင်ရွက်ခြင်းကို မေလဆန်းမှစတင်၍ ယနေ့အထိမြစိမ်းရောင်ကျေးရွာများသို့ ကွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာသက်နိုင်က မြစိမ်းရောင်ကျေးရွာများတွင် နွား၊ ဆိတ်၊ ဝက်အတွက် ကောင်းမွန်စွာကြီးထွားနိုင်ရေးအပြင် စနစ်တကျမွေးမြူနိုင်ရေး၊ တောင်သူများအနေဖြင့် နည်းမှန်၊ လမ်းမှန်စနစ်တကျပြုစုပျိုးထောင်နိုင်မှသာ မွေးမြူရေးကောင်ရေ တိုးတက်လာမည်ဖြစ်ကြောင်း တိရိစ္ဆာန်များက ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများကိုလည်း မိမိအနေဖြင့်အခါအားလျော်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြီး နွား၊ ဆိတ်၊ ဝက်များအားလိုအပ်သည့် ဆေးများထိုးနှံပေးခဲ့သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်စီမံကိန်းအတွက် ကျခတ်ငူကျေးရွာအတွက် ငွေကျပ်သိန်း(၃၀၀)၊ သဲဖြူကုန်းကျေးရွာအုပ်စု သဲဖြူကုန်းရွာအတွက် ငွေကျပ်သိန်း(၁၀၀)၊ ကတွန်ကျေးရွာအတွက် ငွေကျပ်သိန်း(၁၀၀)၊ ဒရိန်းကျေးရွာအတွက် ငွေကျပ်သိန်း(၃၀၀) စုစုပေါင်းကျေးရွာ(၄)ရွာအတွက် ငွေကျပ်သိန်း(၈၀၀)ပေးအပ်ထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)