အုတ်ဖို မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာဦးကျော်သူရက အဖွင့်အမှာစကားပြောကြားရာ ချေးငွေထုတ်ချေးပုံအဆင့်ဆင့်ကိုရှင်းလင်းပြောကြားပြီး မြို့နယ်မန်နေဂျာ ဒေါ်လွင်မာကြည်က ကျေးရွာအုပ်စုများမှတောင်သူများအနေဖြင့် ချေးငွေများ အချိန်မီ ထုတ်ချေးနိုင်ရေးအတွက် ကြွေးကျန်များကို အချိန်မီပေးဆပ်ကြရန်နှင့် ချေးငွေများကို လယ်ယာလုပ်ငန်းတွင် အကျိုးရှိစွာအသုံးပြုရန်ဆွေးနွေးကာ ချေးငွေစည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးမန်နေဂျာဦးကျော်သူရနှင့် တာဝန်ရှိသူများက ၂၀၂၂ မိုးစပါးချေးငွေ အပြေအကြေပေးဆပ်ပြီးသည့် အုတ်ဖိုမြို့နယ် ရှားတောကွင်းကျေးရွာအုပ်စုမှ တောင်သူ (၄၄)ဦး၊ (၂၄၉)ဧကအတွက် ၂၀၂၃ မိုးစပါးချေးငွေများကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ)တွင် ၂၀၂၃ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ(၁၀၄၀၀)ဦးအတွက် ချေးငွေကျပ်(၉၇၅၀၀.၀၀) သိန်း ထုတ်ချေးရန်လျာထားကြောင်း မြို့နယ်မန်နေဂျာဒေါ်လွင်မာကြည်ထံမှ သိရသည်။
အောင်သူ (ပြန်/ဆက်)